Saturday, May 25th

Last update11:00:00 PM GMT

You are here: သတင်း

မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရက တင်ရှိနေသော ကြွေးမြီ ယန်း သန်းထောင်ပေါင်း ၃ဝဝ (ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်)အား ဂျပန်အစိုးရက လျှော်ပစ်ရန်ရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာကြီးက ရေးသားထားသည်။

မြန်မာ့ဆန်တင်ပို့မှု ၅၇% တိုးမြှင့်လာ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။

မအေးယုအောင် ဆက်လက်ထိန်းသိမ်းခံထားရ

The Irrawaddy - ပဲခူးမြို့တွင် ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့်လက်ရောက်ကျူးလွန်ခြင်းခံခဲ့ရသော အိမ်ဖော် မအေးယုအောင်ကို အိမ်ရှင်များက အလိုမတူဘဲ ထိန်းသိမ်းထားခြင်းခံနေရကြောင်း မိခင်ဖြစ်သူက စွပ်စွဲပြောဆိုလိုက်သည်။

ပဲခူး အိမ်ဖော် နှိပ်စက်ခံရမှု နေပြည်တော် ရဲ စုံစမ်း

The Irrawaddy - ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်တွင် အိမ်ဖော်မိန်း ကလေးတဦးအား အိမ်ရှင်က ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှု သတင်းများ အင်တာနက် စာမျက်နှာပေါ်တွင် ပေါက်ကြားလာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) က စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပဲခူးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး အဖွဲ့ရဲ အရာရှိများက ပြောသည်။

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း

လာမယ့် July လ အာဆီယံ ဝန်ကြီးများ အစည်းအဝေး မှာ တင်ပြမယ့် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်း မူကြမ်းဟာ ပွင့်လင်း မြင်သာမှု မရှိတဲ့အတွက် ဒီကြေညာ စာတမ်း ရေးဆွဲမှု ဖြစ်စဉ်ကို အများပြည်သူ သိအောင် ထုတ်ပြန်ကြေငြာပေးဖို့ အရှေ့တောင်အာရှ နိုင်ငံတွေက လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ကျော်က AICHR အာဆီယံ အစိုးရများ ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ပွင့်လင်းဖို့ တောင်းဆို

အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြေညာစာတမ်း ရေးဆွဲမှုဖြစ်စဉ်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာပေးဖို့ အရှေ့တောင် အာရှနိုင်ငံတွေက လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က AICHR ခေါ် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ဗဟိုအဖွဲ့အစည်း အဖြစ်မှ ပြည်ထောင်စု လွှတ်တော်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းတို့၏ အဖွဲ့အစည်း ပျက်ပြယ်ခြင်းမရှိဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတဆင့် ကြေညာချက် ထုတ်ပြန်သည်။

မြန်မာ့လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မိမိတို့ယခု ရပ်တည်လှုပ်ရှားနေမှုမှာ နိုင်ငံတော်သမ္မတ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။