Tuesday, May 21st

Last update10:33:27 PM GMT

You are here: သတင်း

ကလေးစစ်သားများ နုတ်ထွက်ခွင့်ပေးမှု အရှိန်မြှင့်လုပ်ဆောင်ရန် ယူနီဆက်ဖ် တောင်းဆို

အစိုးရက ကလေးစစ်သားများကို တပ်မှနုတ်ထွက်ခွင့် ပေးနေသည်ကို ကြိုဆိုသော်လည်း ယင်းလုပ်ရပ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် တောင်းဆိုကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ယခုလ ၁၈ ရက်၌ ထုတ်ပြန်သည်။

အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ညီလာခံကျင်းပ

အာရှဒေသတွင်း နိုင်ငံပေါင်း(၂၀)ကျော်က စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူတွေက ဒီကနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နှီးနှောဖလှယ်ပွဲ တခု ကျင်းပရာ မြန်မာပြည်တွင်းနဲ့ ပြည်ပအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေ တက်ရောက်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ကုန်ကူးခံကလေးတို့အတွက် ဂျက်ကီချန်း မြန်မာပြည် လာမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကုလမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့- UNICEF ၏ အထူးသံတမန်ဖြစ်သူ ဟောင်ကောင် ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်လည်ပတ်မည် ဟု ရန်ကုန်ယူနီဆက်ဖ်ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

လူ့အခွင့်အရေးကော်မရှင် မူကြမ်း လွှတ်တော်တင်ပြမည်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ တည်ရှိမှုနဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ဥပေဒမူကြမ်းတရပ်ကို ရေးဆွဲထားပြီး ဇူလိုင်လ လွှတ်တော်မှာ တင်ပြနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကော်မရှင်က တာဝန်ရှိသူတဦးက ပြောပါတယ်။

ကလေးစစ်သား အမှန်တကယ် ပပျောက်ရေး လုပ်ဆောင်မည်

The Irrawaddy - မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေး အတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့ ယမန်နေ့က နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ ပြည်ပရောက် အဖွဲ့များနှင့် ဆွေးနွေး

DVB - ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဘန်ကောက်မြို့မှာ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) တို့ကို ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

စစ်မှုထမ်းကလေးများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မည်

မြန်မာတိုင်း(မ်) ။   ။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)တို့သည် မြန်မာနိုင်ငံတွင် အသက်မပြည့်သော စစ်မှုထမ်းကလေးငယ်များ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Action Plan) တစ်ရပ်အား ယခုလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးမည်ဟု သိရသည်။

ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။