နှစ်ပေါင်း ၂ဝ လုံးလုံး ၁ဝ တန်းနဲ့အထက် လူငယ်လေးတွေနဲ့ လူကြီးကလေးတွေကို အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာလုပ်ခဲ့ရာမှာ တော်တော်စိတ်တိုရတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အားလုံးလောက်နီးပါးလို့ ဆိုရလောက်အောင်ကို လူငယ်လေးတွေဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကို ကြိုက်တယ်ဆိုတာ ရေရေရာရာ မသိတဲ့ကိစ္စဖြစ်ပါတယ်။


