Tuesday, Jun 18th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အင်တာဗျူး

မီးရထားဝန်ကြီး ဦးအောင်မင်း နဲ့ တွေ့ဆုံခြင်း

မြန်မာအစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့ဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အခုရက်ပိုင်းတွင်းလုပ်နေ ရာမှာ မနေ့ကတော့ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း နဲ့တွေ့ဆုံခဲ့ပါတယ်။

မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခြင်း (RFA)

ဘန်ကောက်မြို့ကိုရောက်လာတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ဟာ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့ချုပ်ရယ်၊ ထိုင်းမြန်နယ်စပ်ဒုက္ခသည် ကူညီစောင့်ရှောက်ရေး(တီဘီဘီစီ)အဖွဲ့ရယ်၊လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ (HREIB)နဲ့ Burma fund အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းတို့ကို Grand 4 wing Hotel မှာတွေ့ဆုံပါတယ်။

အာဆီယံအစည်းဝေး

မေးမြန်း ။ ။ ကိုအောင်မြတ်စိုး 

အာဆီယံအဖွဲ့အကြီးအနေနဲ့ မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခချုပ်ငြိမ်းဖို့ သက်ဆိုင်ရာ နိုင်ငံကတောင်းဆိုလာရင် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့လိုတဲ့ ကိုင်တွယ်ဆောင်ရွက်နိုင်တယ်လို့အတွင်းရေးမှူးချုပ် Dr. Surin Pitsuwan ကဒီကနေပြောဆိုပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်း (CBOS) ခေါ် အဖွဲ့အစည်းတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ပထမဦးဆုံးအကြိမ် သီးခြားတွေ့ဆုံတဲ့ အစည်းဝေးပွဲမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းဝေးပွဲကို ဒီမနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sim City Hotel မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အာဆီယံ အဖွဲ့ကြီးရဲ့ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ညှိနှိုင်းဆောင်ရွက်ရေးက ဒီအစည်းဝေးပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကော်မတီညှိနှိုင်းဆောင်ရွက်ရေးမှူး ဖြစ်တဲ့ ဦးအောင်မျိုးမင်းက အခုလိုပြောပြပါတယ်။

လိင်တူ ချစ်ကြိုက်သူတွေ မုန်းတီးမှု ပပျောက်ရေးနေ့

မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ လိင်တူ ချစ်ကြိုက်မှုအပေါ် ဆန့်ကျင် မုန်းတီးမှုတွေ ပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့ကို ကမ္ဘာတ၀ှမ်းမှာ ကျင်းပဖို့ ရှိပါတယ်။ လိင်တူ ချစ်ကြိုက်မှုကို စိတ်ပိုင်ဆိုင်ရာ ချို့ယွင်းမှု တခုအဖြစ် ယူဆထားခဲ့ကြတာကို ၁၉၉၀ ခုနှစ် မေလ ၁၇ ရက်နေ့က စပြီး (WHO) ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဒါဟာ ရောဂါ တခု မဟုတ်ကြောင်း အတိအလင်း ပယ် ဖျက်ပေးခဲ့ပါတယ်။

အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ

AICHR ခေါ်တဲ့ အာဆီယံ လူ့အခွင့်အရေးကော်မရှင်က ရေးဆွဲနေတဲ့ အာဆီယံပြည်သူတွေအတွက် လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို ဆန်းစစ်အတည်ပြုနိုင်ရေး ရန်ကုန်မြို့မှာ ဇွန်လထဲ ဆွေးနွေးပွဲ လုပ်တဲ့အခါ လူ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ တက်ရောက်ခွင့်ရဖို့ ပါဝင်ဆွေးနွေးရဖို့ ကိစ္စဟာ အရေးကြီးပါတယ်လို့ ထိုင်းအခြေစိုက် (HREIB) လူ့အခွင့်အရေး ပညာပေးဌာနာ (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မေလ (၂) ရက်နေ့ ဘီဘီစီ

အာဆီယံ လူ့အခွင့်အရေး ကြေငြာစာတမ်း မူကြမ်းကိုရေးဆွဲပြီးဖြစ်ပေမဲ့ မြန်မာနိုင်ငံထဲ ပြည်သူလူထုကို အသိပေးကြေငြာခြင်းမရှိတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံက အန်ဂျီအို အပါအ၀င် နိုင်ငံတကာက အဖွဲ့အစည်း (၁၀၀) ကျော်က ဒီကြေငြာစာတမ်းကိုယ် လူထုကိုယ်အသိပေးဖို့ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်ကို ပူးတွဲတောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံက ဥက္ကဌ ဦးအောင်မျိုးမင်း ကို ဆလိုင်းထန်မင်း ဆက်သွယ်မေးမြန်းထားပါတယ်။

AICHR နဲ့ပတ်သက်ပြီး ဘီဘီစီ အင်တာဗျူး

အာဆီယံ လူ့အခွင့်အရေးကြေငြာစာတမ်းကို ဘယ်လိုဖြစ်စေချင်ပါသလဲ?

“လူ့အခွင့်အရေးဆိုတာ နယ်စည်းခြားထားခြင်းမရှိပါဘူး။ လူသားအားလုံးအတွက် တန်းတူညီမျှမှု ကာကွယ်တဲ့ ဥပဒေ စံချိန်စံညွှန်းဖြစ်ဖို့အတွက် ဒါကျနော်တို့မြင်ချင်တဲ့ အရေးကြီးဆုံးအချက်ပါဘဲ။”

စီအာစီ ကုလအစည်းအဝေးနဲ့ ပတ်သက်ပြီး အင်တာဗျူး

RFA - ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ CRC လို့ခေါ်တဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပုံကို မနေ့က ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ်အဖွဲ့က လက်ရှိမြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ ဥပဒေ တွေကို ပြုပြင်မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် အခြေ စိုက် လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို ကျနော်တို့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်ခင်ဗျား။

စီအာစီကော်မတီ ကြားနာမှုဆိုင်ရာနှင့် DVB မေးမြန်းခန်း

DVB - ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီကနေ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေကို မြန်မာပြည်က ကလေးတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မေးမြန်းမှုတွေကို ပြုလုပ်နေပါတယ်။ ဒီသတင်းကိုတော့ ကိုအေးနိုင်က ပြောပြမှာပါ။