Thursday, Jun 20th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အင်တာဗျူး

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ

VOA - မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ကလေးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေဆဲပါ။ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုနှင့် ၂၀၁၁

ဗွီအိုအေ။ ။ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ။ ဒီမိုကရေစီစနစ်ရဲ့ အခြေ ခံ ရပိုင်ခွင့်ထဲမှာလည်း ပါဝင်တဲ့ အရေးကြီးတဲ့ တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပြီးစီး ခဲ့တဲ့နောက်ပိုင်း အရပ်သားအစိုးရတက်လာတာ အခုဆိုရင် တနှစ်နီးပါး ရှိလာပါပြီ။ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်။ ဒါကြောင့် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ဆိုကြပါတယ်။

ထပ်လွှတ်ပေးမယ်လို့ မျှော်လင့်နေပါတယ် (interview with Myanmar NHRC)

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အစိုးရက ထပ်လွှတ်ပေးဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။ လောလောဆယ် ကော်မရှင်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့သလို၊ အကျဉ်းထောင်တွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း လေ့လာသွားမယ်လို့ ပြောပါတယ်။

ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တိုက်ဖျက်ရေး အခမ်းအနား

ဒီနေ့ကျရောက်တဲ့ ကလေးလူကုန်ကူးမှု တားဆီးရေးအထိမ်းအမှတ်နေ့ပေါ့နော်။ ဒီအထိမ်းအမှတ်အနေ နဲ့ အခမ်းအနားတရပ်ကို ထိုင်း၊ မြန်မာနိုင်ငံ မဲဆောက်မြို့၊ မယ်တော်အရပ်မှာရှိတဲ့ စီဒီစီအထက်တန်းကျောင်းမှာ Burma ACT ကလေးလူကုန်ကူးမှုတားဆီးရေးအဖွဲ့က ကြီးမှူးပြီး ဒီမနက်မှာ ကျင်းပသွားခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုမိုးဇော်ကနေ တင်ပြပါလိမ့်မယ်။

'၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်' - ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံခြင်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယကကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဦးခင်အောင်မြင့်ကို ရန်ကုန်မီဒီယာဂရု(ပ်)လီမိတက်ဥက္ကဋ္ဌ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် အောက်တိုဘာ ၃၁ရက်နေ့ မွန်းလွဲ ၃း၀၀နာရီခန့်က သွားရောက်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယင်းတွေ့ဆုံမေးမြန်းမှုအပြည့်အစုံကို ဖော်ပြအပ်ပါသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး သမ္မတအကြံပေးအဖွဲ့၊ လူမှုရေးအဖွဲ့တွေနဲ့ တွေ့ဆုံ

အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးရေးကိစ္စ လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိ နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတလီဂါဝါဟာ သမ္မတအကြံပေးအဖွဲ့ဝင် (၆) ဦးနဲ့ အောက်တိုဘာလ (၂၈) ရက်နေ့ ညနေက ရန်ကုန်မြို့ မှာ တွေ့ဆုံခဲ့ပါတယ်။

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး နိုင်ငံတကာအဖွဲ့တွေ ဆွေးနွေး

ကမ္ဘာပေါ်က စစ်မက်ဒေသတွေမှာ ရှိတဲ့ကလေးတွေရဲ့ အခြေအနေတွေနဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေ မူကြမ်း

ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေ မူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ် တော် အစည်းအဝေးမှာ လာရောက် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

‘နိုင်ငံတွေမှာ လူ့အခွင့်အရေးမရှိဘဲနဲ့ တည်ငြိမ်မှုဆိုတာ မရှိနိုင်ဘူး’ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြ

‘နိုင်ငံတွေမှာ လူ့အခွင့်အရေးမရှိဘဲနဲ့ တည်ငြိမ်မှုဆိုတာ မရှိနိုင်ဘူး’ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြနှင့်တွေ့ဆုံခြင်း လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို အရင်သိချင်ပါတယ်။