Monday, Sep 01st

Last update10:00:00 PM GMT

You are here: အထွေထွေသတင်း

အထွေထွေသတင်း

မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အပြည့်အ၀ခံစားနိုင်ဖို့ ဒေါ်စု ဆန္ဒပြု

  • PDF

ဒီကမ္ဘာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင်းရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှု ရှိလာတယ်ဆိုပေမဲ့ နိုင်ငံမှာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လူ့အခွင့်ရေး တွေ ရဖို့ လိုသေးတယ်လို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ

  • PDF

မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် လူ့အခွင့်အရေးကိစ္စရပ်တွေမှာ တိုးတက်မှုတချို့ရှိခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ အတော်များများရှိနေဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တော်မတ်စ်အိုဟေး ကင်တားနားက သူ့ရဲ့အစီရင်ခံစာသစ်ထဲမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ

  • PDF

မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၉ ကြိမ်မြောက် ညီလာခံမှာ မနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားက ပြောကြားလိုက်ပါတယ်။

မြန်မာလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ထိုင်းရောက်

  • PDF

BBC -ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရနဲ့ အဖွဲ့ဝင် ဦးညွှန့်ဆွေ တို့ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ထိုင်းလူ့အခွင့်အရေး ဆောင်ရွက်ချက်တွေကို လေ့လာဖို့ အာဆီယံ လူ့အခွှင့်အရေးကော်မရှင်မှာ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို လာရောက်ခဲ့ကြပါတယ်။

ဇာဂနာ နှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ

  • PDF

Irrawaddy - အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ၀ါရှင်တန် ဒီစီ မြို့တွင် တွေ့ဆုံသည်။