Tuesday, Jun 18th

Last update11:00:00 PM GMT

You are here: ကလေးအခွင့်အရေး စစ်မှုထမ်းကလေးများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မည်

စစ်မှုထမ်းကလေးများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မည်

  • PDF

မြန်မာတိုင်း(မ်) ။   ။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)တို့သည် မြန်မာနိုင်ငံတွင် အသက်မပြည့်သော စစ်မှုထမ်းကလေးငယ်များ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Action Plan) တစ်ရပ်အား ယခုလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးမည်ဟု သိရသည်။

ယူနီဆက်ဖ်သည် လက်ရှိအချိန်အထိ မြန်မာ့တပ်မတော်၏ တပ်သားသစ် စုဆောင်းရေးစင်တာလေးခုသို့သာ ၀င်ရောက်ခွင့်ရထား သော်လည်း ယင်းအစီ အစဉ်အား လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအတွင်းသို့ ၀င်ရောက် လေ့ လာခွင့်ရရှိမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ကလေးစစ်သားများ ပပျောက်ရေး အတွက် ပိုမို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရန် မျှော်လင့်ကြောင်း ယူနီဆက်ဖ် ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် မစ္စတာ ရာမက်ရှ်အမ်ရှရက်(စ်)သာ က ပြောသည်။

ယူနီဆက်အနေဖြင့် လာမည့်ဩဂုတ် လတွင် တပ်ရင်းများသို့ သွားရောက်လေ့ လာနိုင်ရန် မျှော်မှန်းထားပြီး အသက် မပြည့်သေးသူ စစ်မှုထမ်းများအား စာရင်းကောက်ယူခြင်း၊ အချက်အလက် များစုဆောင်းခြင်းတို့ပြုလုပ်ကာ မိမိ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ မိသားစုနှင့် ပြန်လည်တွေ့ဆုံပေးခြင်းတို့အပြင် ကျောင်းနေအရွယ်ဖြစ်ပါက ပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ကူညီပေးသွား မည်ဖြစ်ကြောင်း ၎င်းက မြန်မာတိုင်း(မ်)နှင့် သီးသန့်အင်တာဗျူး တွင် ပြောသည်။

"အခုတော့ ဒီလောက်ပဲပြောနိုင်ပါတယ်။ နောက်ထပ်ဆက် လုပ်မယ့် အသေးစိတ်အစီအစဉ်ကိုတော့ ဩဂုတ်လလောက်မှ ပြောနိုင် မှာပါ"ဟု ၎င်းက ပြောကြားသည်။

၂၀၀၅ ခုနှစ်တွင်ချမှတ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်အရ အသက်မပြည့်သေးသူများကို တပ်သား အဖြစ် စုဆောင်းခြင်းကို ရပ်တန့်ရန် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများအား တောင်းဆိုထားသည်။

ယူနီဆက်ဖ်သည် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလမှစတင်ခါ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရှိ အသက် မပြည့်သေးသော တပ်သားများ ပြန်လည်လွှတ်ပေးရေး အတွက် အစိုးရနှင့် စတင်ညှိနှိုင်းဆွေးနွေးခဲ့သည်။

၂၀၀၈ ခုနှစ် တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတို့ရှိ တပ်သားသစ် စုဆောင်းရေးစင်တာလေးခုတွင် နည်းပညာအကူအညီပေးခြင်း၊ တပ် မတော် အရာရှိများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ၀န်ထမ်း များအား လူ့အခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး များ၊ လက်နက်ကိုင်တိုက်ပွဲများကြားရှိ ကလေးများ၏အခြေ အနေများ စသည့်သင်တန်းများပို့ချပေးခဲ့သည်။

၂၀၀၇ ခုနှစ်မှ ယနေ့အချိန်အထိ ယင်းစီမံချက်မှတစ်ဆင့် ယူနီဆက်ဖ်အနေဖြင့် ကလေးစစ်သား ၅၀၀ ၀န်းကျင်အား မိခင်နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုယူဆရပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးစစ်သားအရေအတွက် အတိ အကျကိုမူ အတည်မပြု နိုင်သေးကြောင်း ၎င်းကပြောသည်။

"အရေအတွက် အတိအကျကို အတည်ပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ထပ်ပြီး ကြိုးစားရဦးမယ်။ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို လက်မှတ်ထိုးပြီးသွားရင်တော့ ကျွန်တော်တို့ စစ်တပ်တွေ၊ တပ်သားသစ်စုဆောင်း လေ့ကျင့်ပေးတဲ့ဌာန စတဲ့ နေရာတွေကို သွား ရောက်လေ့လာပြီးတဲ့အခါ ခန့်မှန်းနိုင်မယ် လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။

ယူနီဆက်ဖ်အနေဖြင့် ယင်းကိစ္စရပ်မှာ ဖြေရှင်းရန်ခက်ခဲပြီး အချိန်ယူဆောင်ရွက်ရမည့်ကိစ္စဖြစ်သော်လည်း နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ခြောက်နှစ်တာအတွင်း အစိုးရနှင့် ပူးပေါင်းဆောင် ရွက်မှုကိုလည်း အားရကျေနပ်မှုရှိကြောင်း ၎င်းကပြောသည်။

ယူနီဆက်ဖ်အနေဖြင့် ယင်းစီမံချက်များအား ကိုင်တွယ်ဖြေရှင်း ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့်အတူ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၊ နိုင်ငံတကာ အလုပ်သမား ရေးရာအဖွဲ့ချုပ်၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ဝေါလ်ဗွီးရှင်း၊ Save the Children ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း တွဲဖက်ဆောင်ရွက်လျက်ရှိသည်။

အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)