လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ရိုက်ကူးရေးအဖွဲ့က ကြွေလွင့်နှင်းဆီအမည်ရှိ ပြဇာတ်တစ်ပုဒ်ကို မဲဆောက်မြို့တွင် ဧပြီလ (၂၁) ရက်မှ(၂၂) ရက်ထိ ၂ရက်ကြာ သွားရောက် ရိုက်ကူးခဲ့ကြပါတယ်။
ကလေးကူးသန်း ရောင်းဝယ်မှုနဲ့ လူကုန်ကုးမှု ပပျောက်ရေးအတွက် အဓိကရည်ရွယ်ထားတဲ့ ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို လူငယ်ပြဇာတ် အဖွဲ့ဝင်များက ဇာတ်ညွှန်းရေးသားခဲ့ပြီး သီးညီနောင်တဦးဖြစ်တဲ့ ကိုပန်းသီးက မွန်းမံပေးခဲ့ပါတယ်။
ဒီဇာတ်လမ်းကို လွန်ခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်မှာ စင်တင်ခဲ့တာဖြစ်ပြီးတော့ ရုပ်သံထုတ်လွှင့်မှု တင်ဆက်နိုင်ဖို့ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပါဝင်သူများကတော့ ယူနိုက်တက်အက်အဖွဲ့ဝင် လူငယ်များဖြစ်ပါတယ်။


