Tuesday, Jun 18th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အစီအစဉ်များ လိင်တူချစ်သူ အခွင့်အရေး

လိင်တူချစ်သူများအခွင့်အရေးဆိုင်ရာအစီအစဉ်ကို ၂၀၀၇ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ လိင်တူချစ်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ လူအများသိရှိလာစေဖို့ ဦးတည် ရည်ရွယ်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ် သမား အသိုင်းအ၀န်းထဲက လိင်တူချစ်သူတွေအပါအ၀င် မြန်မာ့လိင်တူချစ်သူတွေကို ပညာပေးတာနဲ့ စွမ်းရည် မြှင့် တင်ပေးတာတွေကို လုပ်ဆောင်ပေးဖို့ ရန်ရည်ရွယ်ထားပါတယ်။ ဒီရည်ရွယ်ချက်တွေအတိုင်း အောင်မြင် စေနိုင်ဖို့အတွက် လိင်တူချစ်သူတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်တဲ့ လိင်စိတ်ကွဲပြားမှုကိုအခြေခံသော ခွဲခြား ဖိနှိပ်မှုများ၊ လိင်စိတ်ခံယူမှုနဲ့ လိင်ဝိသေသသတ်မှတ်ချက်တွေကိုအခြေခံတဲ့ အကြမ်းဖက်မှုတွေကို ထုတ် ဖော်တင်ပြနိုင်ဖို့ အထူးပြင်ဆင်ထားတဲ့သင်ရိုးညွန်းတမ်းတွေနဲ့ ရင်းမြစ်တွေကို အသုံးပြုပြီး လုပ်ဆောင်နေပါ တယ်။ ဒီအစီအစဉ်ကနေပြီး ထုတ်လုပ်ပြီးခဲ့တဲ့ ပညာပေးအထောက်အကူတွေကတော့ သီချင်းခွေတခွေ၊ အမ်တီဗွီ ၃ ပုဒ်၊ သတင်းမှတ်တမ်းတွေနဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးလက်ကမ်းစာစောင်တွေ ဖြစ်ပါတယ်။ ဒီပညာပေး အထောက်အကူတွေကို အင်တာနက်စာမျက်နှာမှာ ဖတ်ရူနိုင်ပြီဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် မုန်းတီးခြင်းအား ဆန့်ကျင်ရေးနေ့နှင့် မြန်မာနိုင်ငံအရေးအတွက် စုပေါင်းချီတက်ပွဲများအပါအ၀င် လူထုစည်းရုံးလှုံ့ဆော်မှုအစီအစဉ်များကိုလဲ လုပ်ဆောင်လျက်ရှိသည်။ မြန်မာ နိုင်ငံတွင်းရှိ လိင်တူချစ်သူများ၏ အခြေအနေများကိုလဲ မှတ်တမ်းတင်ပြီး လစဉ်ထုတ် သက်တံ့ရောင် မဂ္ဂဇင်း တွင် ဖော်ပြရေးသားနေပါသည်။ ထိုမဂ္ဂဇင်းသည် မြန်မာနိုင်ငံတွင် လိင်တူချစ်သူများအရေးနှင့်ပတ်သက်၍ ရေး သားထုတ်ဝေသည့် တခုထည်းသော မဂ္ဂဇင်းဖြစ်ပါသည်. စာစောင်ပါ အကြောင်းအရာများကို ဖော်ပြထားသည့် သက်တံ့ရောင် အင်တာနက် စာမျက်နှာကိုလည်း ကမ္ဘာအ၀ှမ်းမှ ၀င်ရောက်ကြည့်ရှုလျှက်ရှိသည်။

လိင်တူချစ်သူအခွင့်အရေးဆိုင်ရာသင်တန်းများကြောင့် လိင်တူချစ်သူအများအပြားသည် ၎င်းတို့၏ အတွေ့ အကြုံနှင့် ပတ်သက်ပြီး ဘ၀တွင်း ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ဆွေးနွေးရဲသည့် ယုံကြည်မှုများရရှိလာခဲ့ သည်။ လူထုစည်းရုံးရေးလုပ်ငန်းစဉ်များကြောင့် “သက်တံ့ရောင်စဉ်”ဟုခေါ်သည့် လိင်တူချစ်သူအခွင့်အရေး လုပ်ဆောင်သောအဖွဲ့အစည်းတခုသည် ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ပေါ်ထွက်လာခဲ့ပါသည်။