Tuesday, Jun 18th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အစီအစဉ်များ အမျိုးသမီးနှင့်လိင်ကွဲပြားမှု

အမျိုးသမီးအခွင့်အရေးနှင့် လိင်ကွဲပြားမှုအပေါ်အခြေခံ၍ မြင်သည့်အမြင် အစီအစဉ်သည် မြန်မာနိုင်ငံ လူထု လူမျိုးအသီးသီးအကြားတွင် ကျား၊ မ တန်းတူညီမျှမှုရှိစေရန်ရည်ရွယ်ချက်ဖြင့် လိင်ကွဲပြားမှုပေါ် အခြေခံ၍ မြင်သည့်အမြင်များဆိုင်ရာ ပညာပေးလုပ်ငန်းများကို အမျိုးသမီး၊ အမျိုးသားအကြားတွင် လုပ်ဆောင်လျှက် ရှိသည်။ လူ့အခွင့်အရေးနှင့် ကျားမတန်းတူမှု အနှစ်သာရများကို ရရှိခံစားစေ နိုင်ရန်နှင့် လူမှုအသိုင်းအ၀ိုင်း ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်လာမှုရှိစေရန် အမျိုးသမီးများနှင့် လိင် စိတ်ခံယူမှုကွဲပြားသူများအကြား စွမ်းရည် မြင့်တင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်လျှက်ရှိ သည်။ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည် များ၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် အဖွဲ့အစည်း အသီးသီး အကြားတွင် လိင်ကွဲပြားမှုအပေါ် အခြေခံသည့်အမြင်၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအား စွမ်းရည်မြှင့်တင်ခြင်း၊ သင်တန်းများကို သင်တန်းသား ဗဟိုပြုနည်းလမ်းဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိသည်။ ပညာပေးပိုစတာများထုတ်ဝေခြင်းနှင့် ရပ်ရွာလူထုကိုယ်တိုင်ပါဝင် နိုင်သောပြဇာတ်များ တင်ဆက်ခြင်းတို့ဖြင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု လျော့နည်းသွားစေရန် လူထုလှုံ့ဆော်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျှက်ရှိသည်။

ရည်ရွယ်ချက်

  • ကျား၊ မ တန်းတူရေးဆိုင်ရာအသိပညာဗဟုသုတများကိုမြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်၊ရွှေ့ပြောင်းအလုပ်သမားများနှင့်ပြည်တွင်းရှိလူထုအကြားစေ့စပ်ဆော်သြပေးနိုင်ရန်။
  • လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုများအပါအ၀င်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ လျှော့နည်းသွားစေရန်။
  • မြန်မာနိုင်ငံမှအမျိုးသမီးများ၏ခေါင်းဆောင်မှုအခန်းကဏ္ဍမြင့်တက်လာစေရန်
  • လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ)၏ လုပ်ငန်းနှင့် အစီအစဉ်အသီးသီးတွင်လိင်ကွဲပြား မှုနှင့်ဆိုင်သောအသိအမြင်ကို အထူးသတိထားမိပြီးကျားမတန်ဖိုးထားမှုများတိုးတက်လာစေရန်။

လှုပ်ရှားမှု

  • လိင်ကွဲပြားမှုပေါ်အခြေခံ၍ ကွဲပြားစွာမြင်သောအမြင်၊ အမျိုးသမီးအခွင့်အရေး၊ စွမ်းရည်မြှင့် တင်ခြင်းနှင့်ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများ။
  • အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍လူထုကိုယ်တိုင်ပါဝင်သောပညာပေးပြဇာတ်တင်ဆက်ခြင်း
  • အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုအတွက်အမျိုးသမီးများကိုယ်တိုင် ကမကထပြုလုပ်ဦးဆောင်သော လှုပ်ရှားမှုများကိုကူညီပံ့ပိုးခြင်း။
  • အမျိုးသားများအကြား လိင်ကွဲပြားမှုကိုအခြေခံသောအမြင်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအကြောင်းဆွေးနွေးမှုများဖြစ်လာအောင်လှုံဆော်ခြင်း။
  • လူထုပညာပေးလုပ်ငန်းနှင့် စည်းရုံးလှုံဆော်မှုလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည့် ပိုစတာ၊ စာအုပ်စာတမ်းများရေးသားပုံနှိပ်ဖြန့်ဝေခြင်း။