Wednesday, Jun 19th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အစီအစဉ်များ လူ့အခွင့်အရေး

လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၏ လူ့အခွင့်အရေးအစီအစဉ်သည် မြန်မာပြည်သူလူထုအတွင်း လူ့ အခွင့်အရေးယဉ်ကျေးမှု ကျယ်ပြန့်ထွန်းကားလာရန် ရည်မှန်းလုပ်ဆောင်နေလျက်ရှိပါသည်။ လူထုအနေဖြင့် ၎င်း တို့၏ အခွင့်အရေးများသိရှိစေရန်နှင့် ချိုးဖောက်ခံရမှုများကို ကိုယ်တိုင်တောင်းဆို တိုက်ပွဲဝင်မှုများ လုပ်ဆောင် နိုင်စေရန် အဓိကရည်ရွယ်၍ လူထုအတွင်း လူ့အခွင့်အရေးနှင့်ဆိုင်သော အယူအဆအသိပညာများ၊ သတင်းအ ချက်အလက်များကို နည်းအမျိုးမျိုးဖြင့် ဖြန့်ဖြူးပညာပေးနေပါသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းနှင့် မြန် မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ မြန်မာပြည်သူ လူထု များအတွင်း၊ ဒီမို ကရေစီနှင့်လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများအကြား လူ့အခွင့်အရေးအသိပညာ ထွန်းကားစေရန် နှင့် လူ့အခွင့်အရေး ပညာပေးသူများ ပေါ်ထွက်လာရန် လုပ်ဆောင်နေပါသည်။

ရည်ရွယ်ချက်

  • မြန်မာနိုင်ငံမှ ဒုက္ခသည်များ။ ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာပြည်တွင်းမှ လူ့အခွင့် အရေးလှုပ်ရှား တိုက်ပွဲဝင်နေသော မြန်မာလူငယ်များအတွင်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများနှင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သော ကုလသမဂ္ဂ ယန္တရားများနှင့်ပတ်သက်သည့် အသိပညာ၊ ကျွမ်းကျင်မှုများ တိုး တက်လာစေရန်။
  • မြန်မာပြည်တွင်းနှင့် နယ်စပ်တလျှောက်ရှိလူ့အဖွဲ့အစည်းများကို ပညာပေးနိုင်သော ကျွမ်းကျင်သည့် လူ့ အခွင့်အရေးပညာပေးသူများကို မွေးထုတ်ပေးရန်နှင့် လူထုအခြေပြု အဖွဲ့အစည်းများအား စွမ်းရည်မြင့် တင်ပေးရန်အတွက် ရည်ရွယ်သည့် လူ့အခွင့်အရေး နည်းပြသင်တန်းအစီအစဉ်များပြုလုပ်ရန်။
  • မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနည်းပြများအကြား လူ့အခွင့်အရေး ပညာပေးမှုနည်း ဥပဒေသများ၊ လက်ခံ ကျင့်သုံးမှုပုံစံများ တိုးတက်လာစေရန်အတွက် လူ့အခွင့်အရေးပညာပေးမှုနှင့်ပတ်သက်သော အတွေ့ အကြုံများ၊ နည်းဗျူဟာချမှတ်ပုံများ၊ သင်ကြားမှု နည်းလမ်းများအားဝေမျှဖလှယ်ပေးရန်။
  • လူ့အခွင့်အရေးနည်းပြများ၏ အရည်အချင်းတိုးတက်လာစေရန်နှင့် အရည်အသွေး မြင့်မားလာစေရန် အတွက် ထပ်ဆင့်မွမ်းမံသင်တန်းများ ပြုလုပ်ပေးရန်။
  • လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၏ ရည်မှန်းချက်အတိုင်းလူ့အခွင့်အရေး သင်တန်း သင်ထောက် ကူပစ္စည်းများ။ လမ်းညွှန်များ၊ ပုံနှိပ်ထုတ်ဝေမှုများကို တီထွင်ဖန်တီး ထုတ်ဝေခြင်းများပြုလုပ်ရန်။
  • လူ့အခွင့်အရေး သတင်းအချက်များဖြန့်ဝေရန်၊ ထုတ်ဝေရန်၊ လေ့လာရန်အတွက် အဓိကပံ့ပိုးပေးသော ဗဟိုဌာနဖြစ်လာစေရန်။
  • တိုးပွားလာသော လူ့အခွင့်အရေးပညာပေးသူများအကြား လူ့အခွင့်အရေးပညာပေးမှု၊ လှုပ်ရှားဆောင်ရွက် မှုနည်းလမ်းသစ်များကို တီထွင်ဖန်တီး အသုံးပြုတတ်စေရန်အတွက် စွမ်းရည်တည်ဆောက်မြင့်တင်ပေး ရန်။
  • အနာဂါတ်လူ့အခွင့်အရေး ပညာပေးအစီအစဉ်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် အသွင်အမျိုး မျိုးရှိကြသောသူတိုင်း တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကွန်ယက်တခုကို နည်းပြများနှင့် အဖွဲ့အစည်းများအကြားဖန်တီးပြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် မတူညီ သောလူ့အဖွဲ့အစည်းများတွင် လူ့အခွင့် အရေးပညာပေးလှုပ်ရှားမှုများကို စည်းရုံးလုပ်ဆောင်၍ ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုနှင့် စောင့်ကြပ်ကြည့်ရှု့သည့်ပုံစံမျိုးဖြစ်ပေါ်လာအောင် အားထုတ်ဆောင်ရွက်သွား ရန်။
  • မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲလာသည်နှင့်တပြိုင်နက် လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားအောင် ချမှတ်ဆောင်ရွက်ရေးအတွက် ယခုက တည်းက အသင့်ပြင်ဆင်မှု ပြုလုပ်ထားရန်။

လုပ်ဆောင်မှု

  • မြန်မာနိုင်ငံပြည်တွင်း၊ ပြည်ပရှိ လူ့အဖွဲ့အစည်းအတွင်းလူ့အခွင့်အရေးသင်တန်းများပြုလုပ်ခြင်း။
  • မြန်မာပြည်မှလူငယ်များအတွက်လူ့အခွင့်အရေးနည်းပြသင်တန်းများပြုလုပ်ပေးခြင်း။
  • စွမ်းရည်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အခြေခံလူထုအဖွဲ့အစည်းများ၏ ပညာပေးသူများ ကို စေ့စပ်ဆော်သြ ပညာပေးကျွမ်းကျင်မှု သင်တန်းများ ဆောင်ရွက်ပေးခြင်း။
  • လူ့အခွင့်အရေးပညာပေး ပုံနှိပ်ထုတ်ဝေမှုများ၊ ပညာပေးလက်စွဲစာအုပ်များ၊ လမ်းညွှန်စာအုပ်များ၊ ပညာ ပေး သင်ထောက်ကူပစ္စည်းများ ထုတ်ဝေခြင်း။
  • ရက်ရှည် လက်တွေ့ကွင်းဆင်း အလုပ်သင် အစီအစဉ်များဆောင်ရွက်ပေးခြင်း။