Tuesday, Sep 23rd

Last update10:00:00 PM GMT

You are here: ပုံနှိပ်ထုတ်ဝေခြင်း HREIB အစီရင်ခံစာများ
Alexandria Book Library
စီအာစီ အစီရင်ခံစာ
Book cover စီအာစီ အစီရင်ခံစာ
Pages: 191
Library: HREIB
Location name: Thailand
Year: 2011
Link: Download
Visits: 316
User rating:  / 0
PoorBest 
Review

ကုလသမဂ္ဂ၏ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် (Convention on the Rights of the Child- CRC) သည် ကလေးများ၏ အထူးအခွင့်အရေးများနှင့် တကမ္ဘာလုံးနှင့်သက်ဆိုင်သော ကလေးကာကွယ်စောင့်ရှောက်ရေး အဆင့်အတန်းများကို သတ် မှတ်ဖော်ပြထားပြီး အစိုးရများ တရားဝင်လေးစားလိုက်နာရန်အတွက် ရေးဆွဲထားသည့်စာချုပ်တခုဖြစ်သည်။ ကလေး အခွင့်အရေးစာချုပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ် ကိုးခုထဲတွင် တခုအပါအ၀င်ဖြစ်ပြီး နိုင်ငံအရေ အတွက်အများဆုံး လက်မှတ်ရေးထိုးထားသည့် စာချုပ်လည်းဖြစ်သည်။ လက်မှတ်ရေးထိုးထားသည့် နိုင်ငံ များအနေဖြင့် ကလေးအခွင့်အရေးများကိုကာကွယ် စောင့်ရှောက်ရန်အတွက် သင့်လျော်သည့် တရားဥပဒေပြုမှု၊ တရားစီရင်မှုနှင့် အုပ်ချုပ် ရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်းကိုတင်ပြသည့် အချိန်မှန်အစီရင်ခံစာတခုကို တင်သွင်းရန်တာဝန်ရှိသည်။ စာချုပ်အဖွဲ့ဝင် စာချုပ်နိုင်ငံများက လွတ်လပ်ကျွမ်းကျင်သူများ ပါဝင်သော ကလေးအခွင့်အရေးဆိုင်ရာစာချုပ် ကော်မတီ (Committee on the Rights of the Child) ကို ရွေးကောက်တင်မြှောက်ထားသည်။ ထို ကော်မတီက စာချုပ်ပါအချက်များနှင့် ပတ်သက်ပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ အကောင်အထည်ဖော်လုပ်ဆောင်မှုများကို စောင့်ကြည့်လေ့လာသည်။ စာချုပ်အဖွဲ့ ၀င်နိုင်ငံမှအစိုးရသာမက အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့်လည်း ယှဉ်ပြိုင်အစီရင်ခံစာကို တင်သွင်း၍ဖြစ်စေ၊ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံတင်ပြ၍ဖြစ်စေ ဤစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ် တွင် ပါဝင်ဆောင်ရွက်နိုင်သည်။

မြန်မာနိုင်ငံအစိုးရသည် ကလေးအခွင့်အရေးစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ကလေး အခွင့်အရေးစာချုပ်သည် မြန်မာနိုင်ငံလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်နှစ်ခု ထဲတွင်တခုအပါ အ၀င်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးဆိုင်ရာကော်မတီသို့ ကနဦးအစီရင်ခံစာကိုတင်သွင်းခဲ့သော်လည်း ပထမအကြိမ်အစီရင်ခံစာကို တင်သွင်းရန် ပျက်ကွက်ခဲ့၏။ သို့သော် မြန်မာအစိုးရသည် တတိယနှင့်စတုတ္တအကြိမ် အစီ ရင်ခံစာကိုပေါင်း၍ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် တင်သွင်းခဲ့သည်။ ထိုသို့တင်သွင်းသည့်အစိုးရအစီရင်ခံစာကို ကော်မတီအဖွဲ့ ၀င်များသုံးသပ်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ လူထုအခြေပြုအဖွဲ့အစည်းများ စုပေါင်း၍ နိုင်ငံအတွင်းရှိကလေးအခွင့်အရေးများကို လေ့လာစုံစမ်းခဲ့ကြသည်။

လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများမှအဖွဲ့ဝင်များအား ကလေးအခွင့် အရေး စာချုပ်အကြောင်း၊ ထိုစာချုပ်ကို စောင့်ကြပ်လေ့လာခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်းကို မိတ်ဆက်ပေးသည့် နိုင်ငံတော်အဆင့်တိုင်ပင်ဆွေးနွေးခြင်းအလုပ်ရုံ ဆွေးနွေးပွဲတခုကို ကြီးမှူးကျင်းပခဲ့သည်။ ထိုအလုပ် ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဖွဲ့ (၁၄) ဖွဲ့မှကိုယ်စားလှယ်များက ကလေးအခွင့်အရေးဖော်ရမ် (မြန်မာနိုင်ငံ)ဆိုသည့် ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ လူငယ်များဦးဆောင်သည့်အဖွဲ့များအပါ အ၀င် လက်တွဲဖော်အဖွဲ့အစည်းများထံမှ ကလေးအခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းအချက်အလက်များကို ဖော်ရမ်က စုဆောင်းကောက်ယူခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိကလေးများ၏ အဖြစ်မှန်များကို တိတိကျကျတင်ပြနိုင်မည့် ယှဉ်ပြိုင်အစီရင်ခံစာတစောင်ကို မူကြမ်းပြင်ဆင်ရေးသားခဲ့သည်။ ထိုယှဉ်ပြိုင်အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်းရှိ ကလေးများ ရင်ဆိုင်ခံစားနေရသည့် ကလေးအလုပ်သမား၊ ကလေးစစ်သား၊ ကလေးကူးသန်းရောင်းဝယ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ များအကြောင်းကို မီးမောင်းထိုးတင်ပြရေးသားထားသည်။ ထို့ပြင် ကလေးများပါဝင်ခွင့်အတွက် ထိုင်းမြန်မာနယ်စပ်ရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်ကလေးငယ်များနှင့် ကလေးအခွင့်အရေးဆိုင်ရာ တိုင်ပင်ညှိနှိုင်းဆွေးနွေးရေး အလုပ်ရုံတခုကို ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကလေးအခွင့်အရေးနှင့် ပတ်သက်သည့်သူတို့၏အတွေ့အကြုံများ၊ သူတို့၏ အတွေးအမြင်များ၊ အယူအဆများကိုဖော်ထုတ်ရယူပြီး အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

Date insert: Tuesday, 14 February 2012 21:28