Wednesday, Jun 19th

Last update11:00:00 PM GMT

You are here: ပုံနှိပ်ထုတ်ဝေခြင်း HREIB အစီရင်ခံစာများ
Alexandria Book Library
UPR အစီရင်ခံစာပေါင်းချုပ်
Book cover UPR အစီရင်ခံစာပေါင်းချုပ်
Pages: 115
Year: 2011
Link: Download
Visits: 140
User rating:  / 0
PoorBest 
Review

လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂယန္တယားထဲတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဓိကအကျဆုံး အစိတ်အပိုင်း တခုဖြစ်သည်။ လူ့အခွင့်အရေးကောင်စီကို ၂၀၀၆ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ (၄၇) နိုင်ငံဖြင့် တည် ထောင်ခဲ့သည်။ ထိုအဖွဲ့ဝင်နိုင်ငံများကို အထွေထွေညီလာခံကခန့်အပ်ရွေးချယ်ခဲ့ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။

၂၀၀၇ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးတာဝန်ရှိမှုနှင့် တာဝန်ယူမှုတို့ကို လေ့လာသုံးသပ်သည့် လုပ်ထုံးလုပ်နည်းယန္တယားသစ်တခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ သည်။ ထိုယန္တယားသစ်ကို နိုင်ငံ အားလုံးက လေးနှစ်လျှင်တကြိမ် အလှည့်ကျအစီရင်ခံရသည့်လုပ်ငန်းစဉ် (Universal Period Review –UPR) ဟု ခေါ်ဆိုခဲ့ ကြသည်။ ထိုလုပ်ငန်းစဉ်သည် သုံးသပ်မှုပြုလုပ်ရန် အလှည့်ကျသည့် နိုင်ငံတော်မှ အစိုးရ၊ နိုင်ငံတွင်းရှိ လူမှုအခြေပြုအဖွဲ့ အစည်းများနှင့် နိုင်ငံတကာ အေဂျင်စီ များကို ထိုနိုင်ငံအတွင်းရှိလူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အား တင်သွင်းနိုင်ရန် အခွင့်အရေးပေးသည့် ထူးခြားသောလုပ်ငန်းစဉ်ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံးက ထိုလုပ်ငန်းစဉ်အရ သုံးသပ်ခံခြင်းများပြုလုပ်ပြီးပါက ထိုလုပ်ငန်းစဉ် သည် အဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူဖြစ်သည့်လုပ်ငန်းကို လုပ်ဆောင်ရသည့် နေရာတခုဖြစ်လာပေလိမ့်မည်။ ထိုလုပ်ငန်းစဉ်အတွင်းတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် ပါဝင်ခွင့်များရရှိ ကြပြီး အဖွဲ့လိုက် သို့မဟုတ် အဖွဲ့များစုပေါင်းတင်သွင်းသည့်အစီရင်ခံစာများကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ တင်သွင်းနိုင်သည်။ ထိုပေးပို့သည့်အစီရင်ခံစာများကို အကျဉ်းခြုံးပြီး အစိုးရမဟုတ်သည့်အဖွဲ့များကတင်ပြသည့် အစီရင်ခံစာတခုအနေဖြင့် တပေါင်းတစည်းထဲ တင်ပြလေ့ရှိသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အနေဖြင့် အလုပ်အဖွဲ့၏ အစည်းအဝေးများသို့ တက်ရောက်နိုင်သည်။ လူ့အခွင့်အရေးကောင်စီက သက်ဆိုင်ရာ နိုင်ငံအပေါ်သုံးသပ်ချက်များအားထုတ်ပြန် သည့် ပုံမှန်အစည်းအဝေးများတွင်လည်း တက်ရောက်ထုတ်ဖော် ပြောကြားခွင့် ရရှိသည်။

Date insert: Wednesday, 18 January 2012 21:08