|
ဘားမားဖော်ရမ် အစီရင်ခံစာ |
|
Category:
HREIB အစီရင်ခံစာများ
Pages: 15
Year: 2010
Link:
Download
|
| Visits: 87 | |
|
Review
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးမှတ်တမ်းများထဲတွင် အပြစ်ရှိသူများအား အရေးယူအပြစ်ပေးသည့်ပုံစံမျိုးမရှိသည့် အသွင် သဏ္ဍာန်များ နှစ်ပေါင်းများစွာကထည်းက တည်ရှိနေကြောင်း တွေ့ရသည်။ ထို့အတွက်ကြောင့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နအဖ)ကို နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးမျိုးစုံကို ချိုးဖောက်နိုင်ရန်အတွက် ခွင့်ပေးထား သလိုဖြစ်နေသည်။ နှစ်ပေါင်းငါးဆယ်နီးပါးတောက်လျှောက်အုပ်ချုပ်ခဲ့သော စစ်တပ် အုပ်ချုပ်မှုနောက်ပိုင်းတွင် လူ့အခွင့်အရေးမူဝါဒများ အပေါ် လေးစားလိုက်နာမှုကင်းမဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် လွတ်လပ်သောတရားစီရင်မှုဆိပ်သုန်းနေခြင်းများတို့ကြောင့် နိုင်ငံတော်အာဏာပိုင်များက နိုင်ငံတကာလူ့အခွင့်အရေး စံချိန် စံညွန်းများနှင့်ကိုက်ညီခြင်းမရှိသည့် ပေါ်လစီများနှင့် လုပ်ဆောင်မှုများကို ဖန်တီးနေသည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ သည်။ နိုင်ငံအတွင်း လူ့အခွင့်အရေးတိုးမြှင့်ရန်နှင့်ကာကွယ်ရန်အတွက်တာဝန်ရှိသော သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေက လုပ်ပိုင်ခွင့်အပ်နှင်းပေးခံထားရသော ဌာနအဖွဲ့အစည်းဟူ၍ မရှိချေ။ သမရိုးကျဖြစ်စေ သမရိုးကျ မဟုတ်သောနည်းလမ်းဖြင့် လူ့အခွင့်အရေးပညာပေးခြင်းများအပေါ်ကိုလဲ အထူးဖိနှိပ်မှုများရှိနေသည်။ နိုင်ငံအတွင်းလူ့အခွင့်အရေး ထွန်းကားရေးနှင့် လူ့ အခွင့်အရေးချိုးဖောက်မှုများကို စုဆောင်းမှတ်တမ်းတင်နေသည့် လွတ်လပ်သည့် လူထုအခြေပြုအဖွဲ့များအပေါ်ကိုလဲ နှောက်ယှက်မှုများ လုပ်ဆောင်နေပြီး ထိုသို့လုပ်ဆောင်နေသည့်သူများမှာလဲ ဖမ်းဆီးခံရခြင်းများကို ရင်ဆိုင်နေရသည်။ ထို့ ကြောင့် လူထုအခြေပြုအဖွဲ့ပေါင်းရာပေါင်းများစွာတို့သည် ပြည်ပတွင်အခြေစိုက်နေကြရပြီး ပြည်တွင်း၌ လုပ်ငန်းများ လုပ် ဆောင်နေသူများနှင့် လက်တွဲကာ သင်တန်းပို့ချခြင်းများ၊ အစီရင်ခံစာများထုတ်ဝေခြင်းများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် သတင်းဌာနများကို လှုံ့ဆော်ခြင်း များကို အကောင်အထည်ဖော်လုပ်ဆောင်နေရသည်။ |
|
|
Date insert: Thursday, 09 September 2010 21:00
|
|